လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့်ပျက်စီးခဲ့သည့် စာသင်ကျောင်းများကို ကျောင်းဖွင့်ချိန်အမီပြီးစီးအောင်ပြန်လည်တည်ဆောက်ရန် မှာကြား

နေပြည်တော်၊လယ်ဝေးမြိုနယ်၌ ဧပြီ ၂၁ ရက်ည ၆ နာရီ ၂၀ မိနစ်ခန့်က လေဆင်နှာမောင်းတိုက် ခတ်မှုကြောင့် ပျက်ဆီးဆုံးရှုးမှုများဖြစ်ပေါ်ခဲ့သည့် တံတားဦးကျေးရွာနှင့်အောင်ကုန်းကျေးရွာတိုသို ဧပြီ ၂၂ ရက်(ယနေ့)နံနက်ပိုင်းက နစက ဥက္ကဋ္ဌမှသွားရောက်ကြည့်ရှုစဥ် တာဝန်ရှိသူများအား မှာကြားခဲ့ခြင်းဖြစ်သည်။

လေပြင်းတိုက်ခတ်မှုကြောင့်ပျက်စီးခဲ့သည့် စာသင်ကျောင်းများကို လာမည့်ကျောင်းဖွင့်ချိန်အမီ ပြီးစီးအောင်ပြန်လည်တည်ဆောက်ရန်၊ဘုန်းတော်ကြီးကျောင်းကိုလည်း ကောင်းမွန်အောင် ပြန်လည်ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကမှာကြားခဲ့တယ်လို့သိရပါတယ်။