ဝက်လက်မြို့နယ်တွင် မိုင်းဆွဲတိုက်ခိုက်ခံရ၍ တပ်မတော်တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးတဲ့ သတင်းအတု

ဖေဖော်ဝါရီလ ၂၈ ရက် နေ့လည် ၁၁ နာရီခွဲခန့်က ဝက်လက်မြို့နယ်၊ လှတောကျေးရွာမှ အင်အား ၁၀၀ ကျော်ဖြင့် ထွက်လာသော အကြမ်းဖက်စစ်ကြောင်းကို GZ Special Task Force- Wetlet တပ်ဖွဲ့ဝင်များမှ ပဒေသာ မိုင်း ၃ လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးပြီး ၄ ဦးအပြင်း အထန်ဒဏ်ရာရရှိခဲ့ကြောင်း Khit Thit Media က လူမှုကွန်ရက်ပေါ်တွင် ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။
ဒီသတင်းအား စိစစ်ရာတွင် >>> ဖေဖော်ဝါရီလ ၂၈ ရက် နေ့လည် ၁၁ နာရီခွဲခန့်က ဝက်လက်မြို့နယ်၊ လှတောကျေးရွာမအနီးတွင် တပ်မတော်တပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရခြင်းမရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။ ဖြစ်စဉ်မရှိဘဲ Khit Thit Media မှ လုပ်ဇာတ်ဆင်ပြီး စကစတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရတယ်ဟု လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
Fake-News
FACT-CHECK
https://t.me/factcheckmm