မြင်းခြံမြိုနယ်၌ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံး

မြင်းခြံမြိုနယ် လေးရွာဆုံကျေးရွာနေသူများဖြစ်သည့် ဦးနေမျိုးမောင်(၃၈)၊ ဦးစိုးသူဝင်း(၂၈)နှစ် ဦးနွယ်နီစိုး(၃၆)နှစ်တွင် ဒေါ်ခင်ယုမွန်(၃၇)နှစ်အသီးသီးသေဆုံး နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ပြီး အခင်းဖြစ်နေရာအနီးမှ USA 380 Auto ကျည်ခွံ ၄ ခုအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ လေးရွာဆုံကျေးရွာသို ဆိုင်ကယ် ၃ စီးဖြင့် အမျိုးသား ၅ ဦး(စိစစ်ဆဲ)ရောက်ရှိလာကာ အဆိုပါကျေးရွာနေ ဦးနေမျိုးမောင်၊ ဦးစိုးသူဝင်း၊ ဦးနွယ်နီစိုး၊ ဒေါ်ခင်ယုမွန် တို ၄ ဦးအား ၎င်းတို၏နေအိမ်အသီးသီးမှ လေးရွာဆုံကျေးရွာ၏ အနောက်ဘက် ၅ ဖာလုံခန့်အကွာ ဗလုံကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားကာ အခင်းဖြစ် နေရာအရောက်၌ သေနတ်(စိစစ်ဆဲ)ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။

မြင်းခြံမြိုနယ်၌ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံး