AA စစ်သင်တန်းကျောင်းမှာ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲလို့ အကြမ်းဖက် ၂၀ ကျော်သေဆုံး

ရသေ့တောင်မြိုနယ်၊ နွားတင်းကုတ်ကျေးရွာအနီးရှိ AA အယ်ဖာ(၁)စစ်ဒေသ စစ်သင်တန်းကျောင်းအား ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်နေ့ညပိုင်းက တပ်မှပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ပြည်သူ့စစ်သင်တန်းနှင့် အခြေခံစစ်သင်တန်း တက်နေသူများအပါအဝင် အကြမ်းဖက်အဖွဲ့ဝင် ၂၆ ဦးပွဲချင်းပြီးသေဆုံးပြီး ၇၀ ကျော်ဒဏ်ရာရှိထားကြောင်း သိရှိရသည်။

အဆိုပါဒဏ်ရာရရှိသူများအထဲတွင် AA အကြမ်းဖက် စစ်ဒေသမှူးဆိုသူပါ ဒဏ်ရာရရှိထားကြောင်း၊ ဒဏ်ရာရရှိသူများအား ကူတောင်ရွာရှိ တိုက်နယ်ဆေးရုံတွင် ဆေးကုသရန် ပို့ထားသော်လည်း ဆေးဝါးမရှိသောကြောင့် ရေပိုက်ဆုံကျေးရွာသို့ ကားဖြင့်ရွှေပြောင်းထားပြီး ယင်းရွာရှိ တိုက်နယ်ဆေးရုံတွင် ဆေးကုသခိုင်းထားကြောင်းနှင့် ပုဏ္ဏားကျွန်းဆေးရုံမှ ခွဲစိတ်ဆရာဝန်တစ်ဦးကိုပါ ခေါ်၍ ကုခိုင်းနေကြောင်း ဒေသခံများထံမှ သိရှိရပါတယ်။ #Crd