လောက်ကိုင်၊ မိုင်းရယ်နှင့် ပြင်ဦးလွင်တို့ရှိ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု များဆောင်ရွက်

လောက်ကိုင်မြို့ရှိ မန်ခြူးတပ်ဦးပရိယတ္တိ စာသင် တိုက်နှင့် မိုင်းရယ်မြို့ရှိ ဆိုင်မိန်းဘုန်းတော်ကြီးကျောင်းတို့မှ သံဃာတော်များနှင့် ပတ်ဝန်ကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး အလားတူမန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ အင်သာကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံပြည်သူ စုစုပေါင်း ၁၅၈ ဦး၊ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံလိုသည့် ဒေသခံပြည်သူ စုစုပေါင်း ၁၀၈ ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှု့လုပ်ငန်းများဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်။