အမေရိကန် စစ်ရဟတ်ယာဉ် တစ်စင်းပျက်ကျသဖြင့် တပ်ဖွဲ့ဝင်၅ဦး ‌ေ-သဆုံး

မြေထဲပင်လယ်အရှေ့ပိုင်း လေ့ကျင့်ရေးမစ်ရှင်တစ်ခုအတွင်း စစ်ရဟတ်ယာဉ်တစ်စီး ပျက်ကျမှုကြောင့် အမေရိကန်တပ်ဖွဲ့ ဝင်ငါးဦး ‌ေ-သဆုံးခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူများက တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။

စစ်ရေးလေ့ကျင့်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် လေယာဉ်ဆီ ပြန်လည်ဖြည့်တင်းခြင်းပြုလုပ်နေစဉ်အတွင်း ရဟတ်ယာဉ်ပျက်ကျချိန်တွင် ယာဉ်ပေါ်ပါ တပ်ဖွဲဝင် ငါးဦးစလုံး ‌ေ-သဆုံးခဲ့ကြောင်း အမေရိကန် စစ်တပ်၏ဥရောပကွပ်ကဲမှုအဖွဲ့ က ပြောကြားခဲ့သည်။