စားအုန်းဆီရည်ညွှန်းဈေး ယခင်တစ်ပတ်ကထက် ကျပ် ၁၂၀ ပြန်တက်

စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ က ထုတ်ပြန်တဲ့ ဒီကနေ့ နိုဝင်ဘာ ၁၃ ရက်မှ နိုဝင်ဘာ ၁၉ ရက်အထိ တစ်ပတ်စာအတွက် ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၄၆၈၀ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီဈေးနှုန်းဟာ ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့တဲ့ နိုင်ငံတွေမှာ ဖြစ်ပေါ်နေတဲ့ ဈေးကွက်နဲ့ ဈေးနှုန်းတွေအရ သတ်မှတ်ထားတာဖြစ်ပြီး ယခင်တစ်ပတ်ကတော့ ရန်ကုန်အထိုင်ဈေး လက်ကားရည်ညွှန်းဈေးဟာ တစ်ပိဿာကို ၄၅၆၀ ကျပ် သတ်မှတ်ခဲ့တာကြောင့် အခုတစ်ပတ်မှာ တစ်ပိသာကို ၁၂၀ ကျပ် မြင့်တက်ခဲ့တာ တွေ့ရပါတယ်။

ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်ခြင်းအပါအဝင် မသမာတဲ့လုပ်ဆောင်မှုတွေပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။