လုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦးထက်မနည်းထိခိုက်ဒဏ်ရာရတယ်လို့ မြေလတ်အသံမှ သတင်းအတုရေး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ကောက်မသူရွာအနီး ပန်းတင်ကုန်းဘက်ကို စစ်ကြောင်းထိုးလာတဲ့အဖွဲ့ တိုက်ခိုက်ခံရပြီး ၅ ဦးထက်မနည်း ထိခိုက်ခဲ့တယ်လို့ ဇူလိုင် ၁၄ ရက် မနက် ၉ နာရီ ကျော်မှာ အင်အား ၈၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ တပ်နဲ့ KNLA၊ PDF ပူးပေါင်းတပ်တွေ ၅ နာရီနီးပါး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြေလတ်အသံ မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၁၄ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ကောက်မသူရွာအနီးတွင်တပ်မတော်စစ်ကြောင်းများနှင့် PDF များတိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိသလို လုံခြုံရေးတပ်ဖွဲ့ဝင်များလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း ဒေသတွင်းသတင်းပေးချက်များအရသိရှိရပါတယ်။ မြေလတ်အသံ မှ ဖြစ်စဉ်မရှိဘဲ စိတ်ကူးပုံဖော်ကာ တိုက်ပွဲ ၅ နာရီကြာ ဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦးထက်မနည်းထိခိုက်တယ်လို့ လုပ်ကြံရေးသားထားခြင်းသာဖြစ်ပါတယ်။

FakeNews

FACT-CHECK