ရေစက်

ဘဝမှာ ….ကိုယ်နဲ့ ပတ်သက်ရတဲ့ လူတိုင်းဟာ
သံသရာအဆက်ဆက်က ပါလာတဲ့
ရှေးရေစက်ကြောင့်ပါ။

တချို့က ….
ကိုယ်က ပေးဆပ်ရမယ့် ဝဋ်ကြွေးကို
ပြန်ယူဖို့အကြောင်းနဲ့ ဆုံလာကြတာ …

တချို့ကတော့ ….
ကိုယ့်ဆီကနေ ကြွေးသစ်ယူသွားကြတဲ့
သူတွေလဲ ရှိမှာပေါ့လေ …။

ပြုသူအသစ်ဖြစ်သူအဟောင်းတဲ့ဘာပဲဖြစ်ဖြစ်ပေါ့
အကြောင်းမကင်းလို့ ပေါင်းသင်းကြရတာ
အကြောင်းရှိလို့ ပေါင်းမိ ကြရတာပါပဲ …။

ကိုယ်က ကောင်းပါရဲ့နဲ့ ကိုယ့်ကို အနိုင်ကျင့်တာ ခံရတဲ့အခါ

စော်ကားတာကို ခံရတဲ့အခါငြိုငြင်တာကို ခံရတဲ့အခါ

အထင်လွဲတာကို ခံရတဲ့အခါသစ္စာဖောက်တာကို ခံရတဲ့အခါ

ဒီလိုလေး နှလုံးသွင်းလိုက်ပါ ။

ပေးဆပ်ရမယ့် ဝဋ်ကြွေးတွေ ….
တစ်ခုပြီး တစ်ခု ကျေသွားတယ် လို့ပဲ
သဘောထားလိုက်ပါ ….။

ခံရတဲ့သူကအဟောင်းခံရတာပါ လုပ်တဲ့သူကသာအသစ်လုပ်နေတာပါ

များများပေးဆပ်ရရင်မြန်မြန်ကျေတာပေါ့ လို့သဘောထားပြီး……

အခြေအနေ တချို့ကိုကျေနပ် လက်ခံလိုက်ပါ ။

ကိုယ့်ရဲ့ အတ္တကိုဖြေးဖြေးလေး ဖြေလျှော့လိုက်ပြီး….

ဘယ်သူ့ကိုမှတင်းတင်းကြပ်ကြပ် မနှောင်ဖွဲ့တော့ဘဲ
ဖြစ်လွယ် ပျက်လွယ်တဲ့ သဘောတရားကို
နားလည် လက်ခံနိုင်ခဲ့ရင်.

အနည်းနဲ့ အများတော့စိတ်သက်သာရာ ရလိမ့်မယ်လို့
မျှော်လင့်မိပါတယ် ။

ပါချုပ်ဆရာတော်ဘုရားကြီး