ရဲစခန်းသို့ လာရောက်ပစ်ခတ်ခဲ့သည့် အကြမ်းဖက်သမားများထံမှ လက်လုပ်ဗုံးများ သိမ်းဆည်းရမိ

နိုဝင်ဘာ ၂၄ ရက်
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ ကနောင်နယ်မြေရဲစခန်းသို့
အကြမ်းဖက်သမား ၃ ဦးက လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခဲ့ရာ
ရဲတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့သဖြင့် အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးသွားခဲ့ပါတယ်…
အကြမ်းဖက်သမားများထံမှ လက်လုပ်ဗုံး ၃ လုံးသိမ်းဆည်းရရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင်ဘက်က ထိခိုက်မှုမရှိခဲ့ကြောင်း သိရှိရပါတယ်…