ဆည်ကြီးကျေးရွာတစ်ဝိုက်တွင် တိုက်ပွဲဖြစ်ပွား

နိုဝင်ဘာ ၂၄ ရက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဆည်ကြီးကျေးရွာတစ်ဝိုက်တွင်
လုံခြုံရေးတပ်ဖွဲ့ဝင်များနဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တို့သည် လုံခြုံရေးတာဝန်ဆောင်ရွက်နေစဉ်
လက်လုပ်ရီမုမိုင်း ၁ လုံး ပေါက်ကွဲခဲ့သဖြင့် ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်…
လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့က ဖြစ်စဉ်နေရာတစ်ဝိုက်အား အသေးစိတ်ရှင်းလင်းစဉ်
အကြမ်းဖက်သမားအင်အား ၁၀ ဦးခန့်က စတင်ပစ်ခတ်ခဲ့သဖြင့်
အပြန်အလှန်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သမားများ မြောက်ဘက်သို့ ဆုတ်ခွာသွားခဲ့ပါတယ်…
ပစ်ခတ်မှုဖြစ်စဉ်အတွင်း
-အကြမ်းဖက်သမား ၁ လောင်း
-လက်လုပ်သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့ပြီး တပ်မတော်ဘက်က ထိခိုက်မှုမရှိခဲ့ကြောင်း သိရှိရပါတယ်…