မင်္ဂလာရှိသောမနက်ခင်းလေးပါရှင်

ကိုယ့်ဘ၀ရဲ့
တိမ်းစောင်းနေတာလေးတွေကို

ထိန်းကျောင်းပေးနိုင်ရင်
နေသား ကျသွားနိုင်ပါတယ် ။

ကိုယ်ပဲ အလိုဆန္ဒပြည့်ချင်လို့
ဘယ်လိုမှ မဖြစ်နိုင်ပါဘူး ။

ကိုယ်ပဲ ကျေနပ်ချင်လို့
ဘယ်လိုမှတောင်းတလို့မရပါဘူး ။

အတ္တတွေ ပါလာပြီးဆိုရင်
ကိုယ့်ဘ၀ဟာ မအေးချမ်းနိုင်ပါဘူး ။

ကိုယ့်အတ္တလေးကိုလျှော့လိုက်မှ
အဆင်ပြေမှုတွေက
ကိုယ့်ဆီရောက်လာနိုင်ပါတယ် ။

ကိုယ့်ရဲ့မာနလေးတွေကို
ခွာချထားမှ အေးချမ်းနိုင်ပါတယ် ။

ကိုယ်ချင်းစာ စိတ်လေးတွေနဲ့
လောကကို ဘောင်ကွပ်ထားမှ
အမှားနည်းပြီး တရားမြဲကြမှာပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏