ရုရှားနိုင်ငံမှ စစ်ဘက်သုံးပစ္စည်းများလွှဲပြောင်းပေးမည်

မြန်မာနိုင်ငံကို Su-30 SME အမျိုးအစား တိုက်လေယာဉ်များ ဆက်လက် ထောက်ပံ့ကူညီပေးသွားမည်ဖြစ်သလို Pantsir S1 အမျိုးအစား တာတိုပစ် လေကြောင်းရန်ကာကွယ်ရေးစနစ် လွှဲပြောင်းပေးနိုင်ရန်အတွက်လည်း စီစဉ်နေကြောင်း ရုရှားစစ်ဘက်သုံးနည်းပညာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ FSMTC အကြီးအကဲ Dmitry Shugaev က ထုတ်ဖော်ပြောဆိုလိုက်သည်ဟု interfax သတင်းတစ်ရပ်က ဖော်ပြထားပါတယ်။

ရုရှားနိုင်ငံ၌ သြဂုတ် ၁၂ ရက်မှ စတင်ကျင်းပခဲ့သည့် Army-2023 forum ဖိုရမ်အတွင်း FSMTC အကြီးအကဲက ယခုလို ပြောကြားခဲ့ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်တုန်းက မြန်မာနိုင်ငံကို Su-30 SME အမျိုးအစား တိုက်လေယာဉ် ၂ စီး လွှဲပြောင်းပေးခဲ့ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် FSMTC အကြီးအကဲ Dmitry Shugaev က ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို Yak-130 အမျိုးအစားတိုက်ခိုက်ရေးလေ့ကျင့်ရေးလေယာဉ်များ၊ စစ်လက်နက်နှင့် ကျည်ဆံများ ကူညီထောက်ပံ့ပေးနိုင်မည့်စာချုပ်ကို အကောင်အထည်ဖော်ရေး ဆက်လက်လုပ်ကိုင်နေကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။

mhtnews