ရန်ကုန် ဒဂုံမြို့သစ်က ရပ်ကွက် ၂ ခုမှာ မီးလောင်မှုတွေဖြစ်ပွား

ဒီဇင်ဘာ ၂၂ ရက် နံနက် ၁ နာရီကျော်အချိန်ခန့်က ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ (၆၅)ရပ်ကွက်၊
ပြည်ထောင်စုလမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊
(၇၀)နယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ် (၁)စီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊
ရေသယ်ယာဉ်(၁)စီး ထွက်ခွာငြိမ်းသတ်မှုကြောင့် နံနက် ၂ နာရီခန့်မှာ မီးငြိမ်းသွားတယ်လို့ ပြောပါတယ်။
နံနက် ၄ နာရီကျော်အချိန်ခန့်ကလည်း ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ၊ အမှတ်(၃၄) ရပ်ကွက်၊ ဦးဝိစာရလမ်း
တွင်မီးလောင်မှုဖြစ်ပွားခဲ့လို့ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊
ရေသယ်ယာဉ် (၁)စီး၊ ထွက်ခွာငြိမ်းသတ်ခဲ့ရပြီး ၄ နာရီ ၂၂ မိနစ်မှာ မီးငြိမ်းသွားတယ်လို့ ပြောပါတယ်။
မီးလောင်မှု ဖြစ်စဉ်နဲ့ ပျက်စီးဆုံးရှုံးမှုတွေကိုတော့ စစ်ဆေးနေဆဲ ဖြစ်တယ်လို့မီးသတ်က ပြောပါတယ်။