ရန်ကုန်မြို့ ဝန်ကြီးများရုံးမှာ မြန်မာ့ခရီးသွားပြပွဲကို စည်ကားစွာကျင်းပမည်

ရန်ကုန်မြို၊ သိမ်ဖြူလမ်းရှိ ဝန်ကြီးများရုံး၌ မြန်မာ့ခရီးသွားပြပွဲ (၂၀၂၃)ကို ဇန်နဝါရီ ၂၇ ရက်မှ ၂၉ ရက်အထိ ဝင်ကြေးအခမဲ့နဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမယ်လို သိရပါတယ်။

အဆိုပါပြပွဲအတွင်းမှာ ပြည်တွင်း ပြည်ပခရီးသွားလုပ်ငန်းများ၊ လေကြောင်းလိုင်းဝန်ဆောင်မှုများ၊ ဟိုတယ်နှင့် အစားအသောက်လုပ်ငန်းများ၊ လက်မှုပညာများ၊ ပြည်တွင်းထွက် ဒေသ ထုတ်ကုန်များ၊ ဒေသအစားအစာများ၊ အာမခံလုပ်ငန်းဝန်ဆောင်မှုများ၊ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတိုမှ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ကုမ္ပဏီပြခန်းများ အပါအဝင် ပြခန်းပေါင်း ၄၀ ကျော် ပြသရောင်းချသွားမယ်လို ဆိုပါတယ်။

ဒါ့အပြင် ပြပွဲသို လာရောက်လေ့လာသူတွေကို ပြည်တွင်း၊ ပြည်ပလေယာဉ် လက်မှတ်တွေ၊ မိုးပျံဘောလုံး စီးနင်းခွင့်လက်မှတ်နဲ့ ဟိုတယ်တည်းခိုခွင့်လက်မှတ်တိုကို Lucky draw အစီအစဉ်နဲ့ ကံစမ်းပေးသွားမယ့်အစီအစဉ်တွေလည်း ပါဝင်တယ်လို သိရ