မင်္ဂလာရှိသော မနက်ခင်းလေးပါရှင့်

အချိန်တိုင်း မဟုတ်ရင်တောင်

အချိန်တိုင်း
ပျော်ရွှင်နေဖို့ဆိုတာ
လက်တွေ့မှ တကယ်မဖြစ်နိုင်ဘူး

အချိန်တိုင်း
အဆင်ပြေနေဖို့ဆိုတာ
လက်တွေ့မှ တကယ်မဖြစ်နိုင်ဘူး

အချိန်တိုင်း
လိုချင်တာအကုန်ရနေဖို့ဆိုတာ
လက်တွေ့မှ တကယ်မဖြစ်နိုင်ဘူး

အချိန်တိုင်း
အောင်မြင်နေဖို့ဆိုတာ
လက်တွေ့မှ တကယ်မဖြစ်နိုင်ဘူး

အချိန်တိုင်း
စိတ်တိုင်းကျနေဖို့ဆိုတာ
လက်တွေ့မှ တကယ်မဖြစ်နိုင်ဘူး

အချိန်တိုင်း
စိတ်ကျေနပ်နေဖို့ဆိုတာ
လက်တွေ့မှ တကယ်မဖြစ်နိုင်ဘူး

အချိန်းတိုင်း
မဟုတ်ရင်တောင်မှ
အချိန်အများစု
ကိုယ့်စိတ်အေးချမ်းဖို့ဆိုရင်တော့

ဘဝကို
ရောင်းရဲခြင်းတွေနဲ့ ရှင်သန်ပါ

ကိုယ့်ဘဝကို
အမြဲတမ်း တန်ဖိုးထားချစ်မြတ်နိုးပါ

ကိုယ့်ရဲ့ရပ်တည်မှုကို
ကိုယ်တိုင် လက်ခံနိုင်အောင်ကြိုးစားပါ

ဒါဆိုရင်တော့
ဘဝဟာ
အချိန်တိုင်း မဟုတ်ရင်တောင်
အများဆုံး စိတ်အေးချမ်းရပါလိမ့်မယ်။

ကိုယ့်ကိုယ်ကိုယ် ချစ်တတ်လာတဲ့အခါ စာအုပ်မှ

🙏 အရှင်ဇဝန (ရွှေကုန်းမြေ)🙏