မွေးမြူရေးအစာ အေဇိုလာရေမှော်

အေဇိုလာ‌ကို ကြက်၊ ဘဲ၊ဝက်၊ နွား၊ သိုး၊ ဆိတ်စတဲ့ မွေးမြူရေးတိရစ္ဆာန်‌တွေအတွက် ဖြည့်စွက်စာ အစာစိမ်း
အဖြစ် ကျွေးမွေးနိုင်ပါတယ်။
အေဇိုလာထဲမှာ အမိုင်နိုအက်စစ်၊ အသားဓာတ် (၂၀% မှ ၃၅ %) ၊ ဗီတာမင် ( A, B12 နဲ့ Beta carotene)၊
သတ္တုဓာတ် (calcium, phosphorous, potassium, magnesium) တို့ပါဝင်ပါတယ်။
အသားတိုးကြက်အတွက် အေဇိုလာကို ဖြည့်စွက်စာအနေဖြင့် 5%, 10%, 15% စသည်ဖြင့် သင့်တော်သလိုထည့်ပြီး ကျွေးမွေးကြပါတယ်။
ဒေသတိုင်းရင်းကြက်များကို ဆန်ကွဲ၊ ဖွဲနု၊ ပြောင်း၊ ပဲဖတ်စသော အစာများနှင့် အေဇိုလာရေမှော်ကို ရောစပ်ပြီး ကျွေးမွေးခြင်းဖြင့်
အစာဖိုးသက်သာသည့်အပြင် အာဟာရလည်း ပြည့်ဝစေမှာ ဖြစ်ပါတယ်။
အေဇိုလာကို အိမ်တွင် ကန်ငယ်များနှင့် သန့်ပြန်စွာ စိုက်ပျိုးနိုင်သလို အခြားအလေ့ကျပေါက်နေသော ကန်များမှ
ကျွေးမွေးမည်ဆိုပါက ကန်ရေသန့်ရှင်းမှု ရှိ၊ မရှိကို သတိထားကြည့်ရှုပြီးမှ ကျွေးမွေးသင့်ပါတယ်။
ကန်ရေမသန့်ရှင်းပါက အေဇိုလာကို သန့်ရှင်းသောရေနဲ့ ပြန်လည်ဆေးကြောပြီး ‌ကျွေးမွေးသင့်တဲ့အပြင်
အေဇိုလာနဲ့အတူ ဘောစကိုင်းရွက် အနည်းငယ်ကိုပါ ထည့်သွင်းကျွေးမွေးမယ်ဆိုရင် ရေမသန့်ရှင်းမှုကြောင့် ဖြစ်ပွားနိုင်တဲ့
တုတ်ကောင်၊ သန်ကောင်များ ပေါက်ဖွားခြင်းကို ကာကွယ်ပေးပြီးသား ဖြစ်စေပါတယ်။
မိမိတို့အိမ်မှာမွေးမြူထားတဲ့ ကြက်၊ ဘဲ၊ ဝက်၊ နွား၊ ဆိတ်၊ သိုးစတဲ့ မွေးမြူရေးတိရစ္ဆာန်လေးတွေကို
ဒီလိုသဘာဝကပေးတဲ့ တန်ဖိုးရှိအရင်းအမြစ်လေးကို အသုံးပြုပြီး ကျွေးမွေးနိုင်ပါတယ်ဆိုတဲ့အကြောင်းကို သိရှိစေဖို့ ကူးယူဖော်ပြပေးလိုက်ပါတယ်ရှင်…