အိုလာတဲ့အခါ

အရေးမလုပ်ခံရရင်လည်း
အတွေးရှုပ်ခံပြီး ၀မ်းနည်းမနေပါနဲ့ ။

ပိုမရှာနိုင်တော့လို့လည်း
အပိုထွာစကားတွေနဲ့ ရန်မတွေ့ပါနဲ့ ။

ငါမပါမပြီး မဟုတ်တော့လို့
ထိုက်သလိုလေးပဲ နေပေးလိုက်ပါ ။

ဒေါသကြီးရင် အနားမကပ်ချင်ကြလို့
မေတ္တာစိတ်နဲ့ ကျေနပ်နေလိုက်ပါ ။

မာနကြီးရင် ရွံမုန်းတတ်ကြလို့
အလွှာမခွဲခြားပဲ ဆက်ဆံနေပေးပါ ။

လိုချင်စိတ်များတာထက်
လှူချင်စိတ်များအောင် ကြိုးစားနေပါ ။

တိတ်ဆိတ်ရောင့်ရဲစွာနေပြီး
နောင်တမလွန်ရေးကောင်းဖို့ ကြိုးစားပါ ။

စိတ်တိုင်းမကျစရာတွေပိုများလာလို့
သည်းခံစိတ်များဖို့သာ ကြိုးစားပါ ။

အရာရာကို မေ့တတ်လာလို့
တရားမမေ့အောင် သတိထားပြီးနေပါ ။

လောကကြီးကို နှုတ်ဆက်ခါနီးဖြစ်လို့
အစွဲသောကတွေ မကြီးအောင်ပဲ
ကိုယ့်ကိုယ်ကို ပြုပြင်ကြဖို့လိုပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏