မွန်ပြည်နယ်တရားလွှတ်တော် ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်

ဒီဇင်ဘာ ၂၀ရက်က မွန်ပြည်နယ်တရားလွှတ်တော် အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့
၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
တက်ရောက်ချီးမြှင့်ခဲ့တယ်လို့ သိရှိရပါတယ်။
အခမ်းအနားသို့ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊
ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ကာကွယ်ရေး
ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦး၊ တိုင်းဒေသကြီး
အစိုးရအဖွဲ့၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြ
ပါတယ်။က် ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးမျိုးသန့်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးနှင့် တိုင်းဒေသကြီး ဥပဒေချုပ်
ဦးညီညီစိုးတို့က တက်ရောက်ခဲ့ကြပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့တယ်လို့ သတင်းရရှိပါတယ်။