မြန်မာ အမျိုးသမီးအသင်းနှင့် ယှဉ်ပြိုင်မည့် အီရန် အမျိုးသမီး လက်ရွေးစင် အသင်း ရန်ကုန်လေဆိပ်သိုရောက်ရှိ

၂၀၂၄ ပါရီ အိုလံပစ်၊ အမျိုးသမီး ဘောလုံး အာရှဇုန် ခြေစစ်ပွဲ အဖြစ် မြန်မာ အမျိုးသမီးအသင်းနှင့် ယှဉ်ပြိုင်မည့် အီရန် အမျိုးသမီး လက်ရွေးစင် အသင်းသည် ဧပြီလ ၂ရက်နေ့ညပိုင်းတွင် ရန်ကုန်မြိုသိုရောက်ရှိလာခဲ့ပြီဖြစ်သည်။

အိမ်ရှင် မြန်မာနိုင်ငံဘောလုံးအဖွဲချုပ် စီစဥ်မှုဖြင့် အီရန်အမျိုးသမီးအသင်းသည် Novotel Yangon Max တွင် တည်းခိုနေထိုင်ပြီး လေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်သည်။

ပွဲစဉ်ဇယားအရ အီရန်နှင့်မြန်မာတို နှစ်ကျော့ ယှဉ်ပြိုင်ရမည် ဖြစ်ကာ သရေရလဒ်များ ဖြစ်ပေါ်နေပါက ဂိုးကွာခြားချက်၊ အချိန်ပို၊ ပင်နယ်တီ တိုဖြင့် ဆုံးဖြတ်မည်ဖြစ်သည်။

ခြေစစ်ပွဲ ပထမ အကျော့
အီရန်နှင့်မြန်မာ ( 5 April 2023, 4:00 PM)

ခြေစစ်ပွဲ ဒုတိယ အကျော့
မြန်မာနှင့်အီရန် (8 April 2023, 4:00 PM)

ပွဲစဉ် နှစ်ပွဲစလုံးအား သုဝဏ္ဏကွင်းတွင် ကျင်းပမည်ဖြစ်ပြီး Sky Net ရုပ်သံလိုင်းများမှ တိုက်ရိုက်ပြသမည် ဖြစ်ပါသည်။