ဒလတံတားစီမံကိန်းကြောင့် ကမ်းနားလမ်းသစ်ကို ယာယီပိတ်မယ်


မြန်မာ-ကိုရီးယားချစ်ကြည်ရေး ရန်ကုန်-ဒလ မြစ်ကူးတံတား စီမံကိန်းရဲ့ သံမဏိယက်မတွေ တပ်ဆင်မှာဖြစ်တဲ့အတွက် ကမ်းနားလမ်းသစ်ကို ၆ ရက်ကြာ ယာယီပိတ်ထားမှာဖြစ်တယ်လို ထုတ်ပြန်ထားတာပါ။

ကမ်းနားလမ်းသစ်ကို ပန်းဆိုးတန်းလမ်းထောင့်ကနေ အလုံမြိုနယ် စံပယ်လမ်းထိပ်အထိ ယာယီပိတ်ထားမှာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီလို ကမ်းနားလမ်းသစ်ကို ယာယီပိတ်ထားတဲ့ ကာလအတွင်း ဆိပ်ကမ်းတံတားတွေကို ဝင်ရောက်မယ့် ကုန်တင်ယာဉ်တွေ၊ ကွန်တိန်နာယာဉ်တွေအနေနဲ့ ကမ်းနားလမ်းဟောင်းက ဝင်ထွက်ကြဖို့ အသိပေးထားကြောင်းသိရပါတယ်။