မြန်မာ-ထိုင်း နယ်စပ်ကော်မတီ မြို့နယ်အဆင့်အစည်းအဝေး Thai – Myanmar Township Border Committee (TBC) ကျင်းပ

ယမန်နေ့ (ဇွန်လ ၁၉ ရက်)က တာချီလိတ်မြို့ရှိ 1G1 ဟိုတယ်မှာ ပြုလုပ်တဲ့ မြန်မာ – ထိုင်း နယ်စပ်ကော်မတီ မြို့နယ်အဆင့် အစည်းအဝေး Thai – Myanmar Township Border Committee (TBC) မှာ မြန်မာ – ထိုင်း နယ်စပ်မျဥ်းတလျောက်မှာ အခြေစိုက်ထားတဲ့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) စခန်း (၅) ခုကို ဆုတ်ခွာပေးဖို့ ထိုင်းအာဏာပိုင်တွေက မြန်မာနိုင်ငံတာဝန်ရှိသူများထံ တောင်းဆိုလိုက်တယ်လိုက်တယ်လို သိရပါတယ်။

အလားတူ မြန်မာနိုင်ငံဘက်က တာဝန်ရှိသူတွေကလည်း ထိုင်းနိုင်ငံဘက်မှာ ခိုအောင်းနေတဲ့ မြန်မာနိုင်ငံသား ဝရမ်းပြေးအကြမ်းဖက်သမားတွေကို ကူညီဖမ်းဆီးပေးဖို့ ထိုင်းအာဏာပိုင်များထံ တောင်းဆိုခဲ့ကြောင်းလည်းသိရပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံနယ်စပ်ဒေလုံခြုံရေးဆိုင်ရာကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်းသိရပါတယ်။