ဇွန်လ ၂၀ ရက်နေ့ မှုခင်းသတင်းများ

-ဇွန်လ ၁၉ ရက်နေ့ ၁၈၄၀ နာရီချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝင်း၊ ခရေရိပ်သာလမ်းသွယ် (၁) တွင် နေထိုင်သော ဦးရဲခိုင် (စစ်မှုထမ်းငြိမ်း)သည် အလုပ်မှ နေအိမ်သို့ ပြန်လာစဉ် နေအိမ်ခြံရှေ့အရောက်၌ အကြမ်းဖက်သမား (၂) ဦးမှ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးရဲခိုင်မှာ ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့်သေဆုံးသွားခဲ့ကြောင်း သိရှိရ..

-ဇွန်လ ၁၈ ရက်နေ့ ၁၆၀၀ နာရီချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ ကျော်တောကျေးရွာတွင် နေထိုင်သော ဦးသန်းဆွေ(၆၃) နှစ်သည် ဇနီးဖြစ်သူ ဒေါ်အဲသိန်း(၅၅) နှစ်နှင့်အတူ ရှိနေစဉ် အကြမ်းဖက်အဖွဲ့မှာ မြင့်ဇော်ဦးခေါင်းဆောင်သော အင်အား ၁၀ ဦးခန့်သည် လက်နက်ငယ်များ ကိုင်ဆောင်ထားပြီး ရောက်ရှိလာကာ ကျေးရွာစာသင်ကျောင်းသို့ ဉီးသန်းဆွေအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရ..