မြစ်ရေ ထပ်တက်မှာမို့လို့ ရွှေကျင်မြို့နဲ့ မြောက်ဦးမြို့နယ် သတိထားဖို့လို


မြစ်ရေ ထပ်တက်မှာမို့လို့ ရွှေကျင်မြို့နဲ့ မြောက်ဦးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများ သတိထား‌နေထိုင်ကြဖို့ မိုး/ဇလက သတိပေးချက် ထုတ်ပြန် လိုက်ပါတယ်။

မိုး/ဇလရဲ့ ယနေ့ ဩဂုတ် ၈ ရက်နေ့ ထုတ်ပြန်ချက်အရ ရွှေကျင်မြစ်ရေသည် လာမည့် ရက်မှာ ရွှေကျင်မြို့ရဲ့ စိုးရိမ်ရေမှတ် ကို ရောက်ရှိနိုင် တယ်လို့ဆိုပါတယ်။

အလားတူ လေးမြို့မြစ်ရေသည် လာမည့် ရက်အတွင်း မြောက်ဦးမြို့ရဲ့ စိုးရိမ်ရေမှတ်ကိုရောက်ရှိနိုင်တယ်လို့ သတိပေးထားတာပါ။