မြဝတီ-ကော့ကရိတ် အာရှလမ်းမှာ မြေစာပုံ ထပ်မံပြိုကျ


မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးက မြေစာပုံတွေပြိုကျထားတဲ့အနီးမှာ ပိုမိုကြီးမားတဲ့ မြေစာပုံ ထပ်မံပြိုကျခဲ့တယ်လို့ သင်္ဃန်းညီနောင် လူမှုကူညီကယ်ဆယ်ရေးအသင်းထံက သိရပါတယ်။

ယမန်နေ့က အာရှလမ်းမှာ မြေစာပုံပြိုကျလို့ တွဲကားပိမိခဲ့တဲ့ နေရာအနီးမှာ မြေစာပုံ ထပ်မံပြိုကျမှုသည် ယနေ့ ဩဂုတ်လ ၈ရက်နေ့ နေ့လယ် ၁၂နာရီခွဲခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

“မနေ့က တွဲကားမြေစာပုံပိတဲ့နေရာအနီး(ရင်ကွဲတောင်အဆင်း၊ နတ်စင်ကွေ့အကျော်၊ ကော့ကရိတ်ဘက်ခြမ်း)မှာ တောင်ပြိုမှုထပ်မံဖြစ်ပွားခဲ့တာဖြစ်ပါတယ်”လို့ အသင်းက ဆိုပါတယ်။

ယနေ့ နေ့လည်ပိုင်းမှာ ထပ်မံပြိုကျခဲ့တဲ့ မြေစာပုံသည် ယမန်နေ့က ပြိုကျခဲ့တဲ့ မြေစာပုံထက် ၃ဆခန့်ကြီးမားတယ်လို့ သိရပြီး လူနဲ့ တရိစ္ဆာန်တို့ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

(မြန်မာ့ပလက်ဖောင်း)