မိုင်းပျဉ်းတွင် Type-81 သေနတ် (၄၉၉) လက်ဖမ်းဆီးရမိခဲ့

ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပျဉ်းကျေးရွာအုပ်စုတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ စစ်ဆင်ရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ဆော်တောရွာအနီးအရောက်တွင်.. ဒိုင်နာ(တစ်ပါ)အပြာရောင် တစ်စီးကို စစ်ဆေးရန်ရပ်တန့်ခိုင်းခဲ့ရာ မရပ်ဘဲဆက်လက်မောင်းနှင်သွားတဲ့အတွက်   လုံခြုံရေးအဖွဲ့ဝင်များမှ  လိုက်လံဖမ်းဆီးစဉ်.. လမ်းရဲ့တစ်နေရာအရောက်တွင် ယာဉ်မောင်းနဲ့ နောက်လိုက် (၂) ဦးဟာ ကားကိုထားကာ ထွက်ပြေးသွားခဲ့ပါတယ်..

လုံခြုံရေးတပ်ဖွဲ့ဝင်များမှ  ကျန်ရှိခဲ့သည်ကားအား စစ်ဆေးစဉ်…

၎င်းကားအတွင်းမှ…

* Type(81) သေနတ် (၄၉၉)လက်

* ကျည်အိမ် (၄၉၈)ခုနှင့် အခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပါတယ်။

ဒါတွေသာ  စစ်ကိုင်းတိုင်းနဲ့ပြည်မထဲကို ရောက်သွားခဲ့ရင် မတွေးရဲစရာပဲ..ဗမာအများစုနေထိုင်တဲ့ စစ်ကိုင်းဟာလည်း ပြာပုံထဲက  ထွက်နိုင်မယ့်အနေအထား မရှိတော့ဘူး။   ကံကောင်းတယ်လို့ မှတ်ရမယ်။

ဒေသခံတိုင်းရင်းသားများရဲ့ သတင်းပေးမှုများကြောင့် ရှမ်းပြည်နယ်အတွင်း လက်နက်/ခဲယမ်းများဖမ်းဆီး ရရှိမှုများ/ အကျိုးအမြတ်များ အများအပြားရရှိခဲ့ပြီး…

၎င်းအထဲမှ ယခုအကြိမ်ဖမ်းဆီးရရှိမှု၏ အရေအတွက်မှာအများဆုံး အရေအတွက်ပဲဖြစ်ပါတယ်…

နောက်ကွယ်က ထောက်ပံပေးနေတဲ့ အဖွဲ့အစည်း/လက်မဲကြီးတွေကိုလည်း မကြာခင် ဖော်ထုတ်နိုင်တော့မှာဖြစ်ပါတယ်

နိုင်ငံတော်ကြီး အေးချမ်းတည်ငြိမ်ဖို့ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြပါလို့ တိုက်တွန်းချင်ပါတယ်။