မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဌာပနာတော်သွင်းလှူပူဇော်နိုင်ရေး အသိပေးနှိုးဆော်ခြင်း

  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် (၇) ရက် သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမတို့က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက် ဗဟိုမဏ္ဍိုင်ဌာနတွင် ဌာပနာတော်သွင်းလှူ ပူဇော်ခြင်း အခမ်းအနားကို ဇန်နဝါရီ ၂၇ ရက် နံနက် ၈ နာရီတွင် စတင်ကျင်းပပြုလုပ် မည်ဖြစ်ပါသဖြင့် ကုသိုလ်တော် ရေရှည်တည်တံ့ခိုင်မြဲနိုင်မည့် အဖိုးတန် ကျောက်မျက် ရတနာများ ဌာပနာကုသိုလ်ပြုနိုင်ရန်အတွက် လှူဒါန်းပူဇော်လိုသည့် (၇) ရက် သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမ များ၊ စေတနာရှင်၊ အလှူရှင်များအနေဖြင့် အချိန်မီ သွင်းလှူပူဇော်နိုင်ရေး အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ အသိပေးနှိုးဆော်အပ်ပါသည်။

        (က) ဗိုလ်မှူးကြီး တင့်လွင်                        ၀၉-၅၁၈၄၃၀၆

        ( ခ ) ဒုတိယဗိုလ်မှူးကြီး အောင်ထက်ဟိန်း    ၀၉-၂၀၁၄၄၇၀