မတ်လ ၁၂ ရက်နေ့မှုခင်းသတင်းများ

-မတ်လ ၁၁ ရက် ၁၅၃၀ နာရီတွင် မြိုင်မြို့အတွင်းသို့ PDF အကြမ်းဖက်အဖွဲ့မှ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မြို့နယ်စိုက်ပျိုးရေးရုံးဝန်း မြေကွက်လပ်ပေါ်သို့ ၂ လုံး၊ မြို့နယ်သမဝါယမအသင်းစုပိုင် သိုလှောင်ရေးဂိုထောင်(ဟောင်း)ပေါ်သို့ ၁ လုံး၊ မြို့နယ်ဘောလုံးကွင်းအတွင်း သို့ ၅ လုံး၊ သီရိမင်္ဂလာဘုန်းတော်ကြီးကျောင်းဝန်း မြေကွက်လပ်ပေါ်သို့ ၁ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး မြို့နယ် သမဝါယမအသင်းစုပိုင် သိုလှောင်ရေးဂိုထောင်(ဟောင်း)၏ အမိုးသွပ် ၄၀ ချပ် ပျက်စီးခဲ့။

-မတ်လ ၁၀ ရက် ၂၂၀၀ နာရီတွင်  ရေတာရှည်မြို့နယ်၊ ကျွန်းတောစုတွင်နေထိုင်သော ဒေါ်ခင်စိုးရီ (၄၄)နှစ်သည်  မိသားစုနှင့်အတူရှိနေစဉ် PDF အကြမ်းဖက်သမား ၄ ဦး ရောက်ရှိလာခဲ့ပြီး မိသားစုဝင် ၄ ဦးအား နေအိမ်ကြမ်းပြင်၌ မှောက်လျက်နေစေ၍ ဒေါ်ခင်စိုးရီ တစ်ဦးတည်းအား နေအိမ်အပြင်ဘက်သို့ ခေါ်ထုတ်ကာ သေနတ်ဖြင့် ၂ ချက် ပစ်ခတ်ခဲ့သဖြင့် ဦးခေါင်းထိမှန် ဒဏ်ရာဖြင့် သေဆုံးခဲ့။

-မတ်လ ၁၁ ရက် ၀၈၃၀ နာရီတွင် ရေတာရှည်မြို့နယ်၊ ကျွန်းတောစုတွင်နေထိုင်သော ဒေါ်တင်စိန်(၆၃)နှစ်ထံသို့ PDF အကြမ်းဖက်အဖွဲ့ဝင် ၁ ဦးမှ ဖုန်းဖြင့်ဆက်သွယ်လာပြီး ကျွန်းတောစုကျေးရွာသစ်နေ ဦးရွှေအိုး(၆၁)နှစ်အား ၎င်းတို့အဖွဲ့မှ ကျေးရွာ၏မြောက်ဘက် ဆွာချောင်းဘေး လယ်ကွင်းအစပ်၌ သတ်ဖြတ်ခဲ့ကြောင်း ပြောဆိုခဲ့ သဖြင့် ကျေးရွာသားများမှ လိုက်လံရှာဖွေခဲ့ရာ ဆွာချောင်းဘေးလယ်ကွင်းအစပ်၌ ဦးရွှေအိုးအား ဦးခေါင်း နောက်စေ့ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့။

-မတ်လ ၁၁ ရက် ၀၇၁၅ နာရီတွင် ထားဝယ်မြို့နယ်၊ ဇဟာကျေးရွာနေ ဒေါ်နှင်းမူ(၆၀)နှစ်သည် ကျေးရွာ၏အရှေ့မြောက် ဘက်ရှိ ဥယျာဉ်ခြံသို့ သွားရောက်စဉ် ဥယျာဉ်ခြံလမ်းအရောက်၌ PDF အကြမ်းဖက်အဖွဲ့မှ ထောင်ထားသည့် မိုင်း ၁ လုံးအား နင်းမိပေါက်ကွဲခဲ့ရာ ဒေါ်နှင်းမူတွင် ဝဲဒူးအောက်ပြတ်ထွက်ဒဏ်ရာ ရရှိခဲ့။