မတ်လ ၁၁ ရက်နေ့ လူမှုကွန်ရက်ပေါ်က သတိပြုဖွယ် သတင်းအတုနှင့် သတင်းအမှားများ

မတ်လ ၇ ရက်နေ့၊ ၈ ရက်နေ့တို့၌ တောင်တွင်းကြီးမြို့မှ မောင်အောင်သက်ပိုင်နှင့် ဓနုဖြူမြို့မှ ကိုဝင်းထက်နိုင်တို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းတို့ကို လူသစ်စုဆောင်းခြင်းမရှိသလို ဖမ်းဆီးခေါ်ဆောင်ခြင်းမျိုးလည်းမရှိခဲ့ကြောင်း သိရှိရပြီး Khit Thit Media မှ နေရပ်လိပ်စာများတောင် တိတိကျကျရေးသားထားခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များ အများပြည်သူများ အထင်လွဲမှားပြီး မုန်းတီးစေရန် လုပ်ဇာတ်ဆင်၍ အပုတ်ချကာရေးသားထားခြင်းသာ ဖြစ်ပါတယ်။

မတ်လ ၅ ရက်နေ့၌ ငါန်းဇွန်မြို့နယ်၊ မြိုသာမြို့ ရဲစခန်းရှေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ဒရုန်းဖြင့် တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မရှိခဲ့သော်လည်း Khit Thit Media မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဒရုန်းဖြင့်တိုက်ခိုက်ခံရလို့ ၃ ဦ သေဆုံးတယ်ဟု စိတ်ကူးယဉ်ကာရေးသားထားခြင်းသာဖြစ်ပါတယ်။

မတ်လ ၁၀ ရက်နေ့၌ ဝမ်းတွင်းမြို့နယ်၊ ပင်းတလဲ-ဝမ်းတွင်း လမ်းပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင် ပစ်ခတ်ခံရတဲ့ဖြစ်စဉ်မရှိခဲ့သော်လည်း Khit Thit Media မှ မယားငယ်ဆီက ပြန်လာတဲ့ တပ်မတော်သား ၁ ဦး ပစ်ခတ်ခံရလို့ သေဆုံးတယ်ဆိုပြီး လုပ်ဇာတ်ဆင်ကာ အပုတ်ချကာရေးသားထားခြင်းသာ ဖြစ်ပါတယ်။

မတ်လ ၁၀ ရက်နေ့၌ ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့၊ တလိုင်းအိုင်ရွာမှ ဒေသခံပြည်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဖမ်းဆီးခဲ့ခြင်းမရှိသော်လည်း RFA မှ အများပြည်သူများ လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားပြီး မုန်းတီးစေရန် လုပ်ဇာတ်ဆင်ကာ အပုတ်ချကာရေးသားထားခြင်းသာဖြစ်ပါတယ်။

မတ်လ ၁၁ ရက်နေ့၌ ချောင်းဦးမြို့အတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF များက မိုင်းဆွဲတိုက်ခိုက်မှုတွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးသာ ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း Khit Thit Media မှ လုံခြုံရေးတပ်ဖွဲ့ဝင်၄ ဦး သေဆုံးတယ်ဆိုပြီး အမြတ်ထုတ်ကာ လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။

ဖေဖော်ဝါရီလအတွင်း၌ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ အနီးတစ်ဝိုက်ရှိ ဇီးကုန်းကျေးရွာ၊ ပိတောက်လှကျေးရွာများမှ ဒေသခံများအား လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဖမ်းဆီးထားခြင်းမရှိသော်လည်း DVB မှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား အများပြည်သူများ မုန်းတီးစေရန် လုပ်ဇာတ်ဆင်ကာ အပုတ်ချ၍ ရေးသားထားခြင်းသာဖြစ်ပါတယ်။

မတ်လပထမအပါတ်၌ ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ ကိုင်းသောင်ကျေးရွာတွင် ရပ်ကျေးအုပ်ချုပ်ရေးစာရေးများက တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စစ်မှုထမ်းဆောင်နိုင်မည့် ကျား/ မ စာရင်းများတောင်းခံခြင်းကြောင့် မြေပြင်စာရင်းကောက်ယူခြင်းသာဖြစ်ပြီး ငွေကြေးတစ်စုံတစ်ရာကောက်ခံခြင်းမရှိသော်လည်း Ayeyarwaddy Times မှ အမှန်အတိုင်းမရေးဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးဝန်ထမ်းများအား သိက္ခာကျဆင်းစေရန် အပုတ်ချ၍ရေးသားထားခြင်းသာဖြစ်ပါတယ်။