မင်္ဂလာ နံနက်ခင်းလေးပါရှင်

စွန့်လွတ်တတ်ဖို့ ကြိုးစားရမှာကို
သိမ်းပိုက်ဖိုပဲ လုပ်နေရင်တော့
ကိုယ်ပင်ပန်းဆင်းရဲ့ဖို့ ပြင်ထားရမှာပါ ။

ခွင့်လွတ်တတ်ဖို့ ကြိုးစားရမှာကို
မုန်းနေတာနဲ့ပဲ အချိန်ကုန်နေရင်တော့
ကိုယ်ပူလောင်ခံနိုင်ဖို့ လုပ်ထားရမှာပါ ။

မျှမျှတတဖြစ်ဖို့ကြိုးစားရမှာကို
အတ္တကြီးပြီး ကိုယ်ကျိုးထည့်နေရင်တော့
ချစ်ခြင်းမေတ္တာတွေ ငတ်ဖို့ပြင်ထားရမှာပါ ။

လေးစား အတုယူပြီး ကြိုးစားရမှာကို
မနာလိုစိတ်နဲ့ တိုက်ခိုက်နေရင်တော့
ကိုယ့်ဘ၀လည်းအောက်ကျဖို့ ပြင်ထားပါ ။

၀မ်းသာ ချီးမွမ်း မုဒိတာပွားရမှာကို
ကဲ့ရဲ့ရှုပ်ချ အပုတ်ချနေရင်တော့
ကိုယ့်ဘ၀လည်း ဘေးရောက်သွားမှာပါ ။

တိုးတက် မြင့်မြတ် စိတ်ထားတတ်ဖို့
အမြဲကြိုးစား နေကြရမှာကို

ပျင်းရိ မေ့လျော့ ပေါ့ဆနေရင်တော့
ကိုယ့်ရဲ့ဘ၀တွေ မြုတ်သွားကြမှာပါ ။

🙏🙏🙏သာရ ဂ ဝေ သီ🙏🙏🙏