PDF လေ့ကျင့်ရေးစခန်းတစ်ခုအား တပ်မတော်စစ်ကြောင်းမှ ဝင်ရောက်ရှင်းလင်း

ပြည်သူများ၏ လျှို့ဝှက်သတင်းပေးမှုအရ

အောက်တိုဘာ ၇ ရက်တွင် စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်၊ စီမော်ကျေးရွာအနီးရှိ

PDF များ၏ လေ့ကျင့်ရေးစခန်းပြုလုပ်ထားသည့်နေရာတစ်ခုသို့

တပ်မတော်စစ်ကြောင်းများက ဝင်ရောက်ရှင်းလင်းရာ-

အလျား ၁၂၀ မီတာ၊ အနံ ၇၅ မီတာခန့် စစ်ရေးပြကွင်းတစ်ခု
စစ်ရေးပြကွင်းနှင့်ကပ်ရပ်၌ အောက်ထပ်တွင် အချုပ်ခန်း ၃ ခန်းပါရှိသည့် နှစ်ထပ်နေအိမ် ၁ လုံး
လမ်းသွားလမ်းလာများအား တားဆီးစစ်ဆေးသည့် ကင်းတဲ ၁ လုံး
သွပ်မိုး/ပျဉ်ကာ၊ ပျဉ်ခင်း အဆောက်အဦ ၁ လုံးအားတွေ့ရှိခဲ့ပြီး

၎င်းအဆောက်အဦအတွင်းမှ-

-ပြောက်ကျားယူနီဖောင်း ၃၀ စုံ
-သင်တန်းသုံးစာရေးပစ္စည်းကိရိယာများ
-ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့်
-ဆန် ၂၀ အိတ်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါတယ်..