မင်္ဂလာရှိသော မနက်ခင်းလေးပါရှင်

ကောင်းတာတွေနဲ့နေကြမယ်

ကုသိုလ်ရဲ့အနီးမှာနေပြီး
စိတ်ကောင်းတွေကို မိတ်ဆွေဖွဲ့ပါ ။

နားလည်မှုကို လက်တွဲပြီး
ကိုယ်ချင်းစာထားမှုကို မွေးမြူပါ ။

ဒေါသကို ခေါက်သိမ်းပြီး
မေတ္တာတရားကို နယ်ချဲ့ထားပါ ။

သည်းခံမှုဖြင့် တည်ဆောက်ပြီး
ရင့်ကျက်မှုကို ဖော်ဆောင်ပါ ။

အေးချမ်းမှုကို မြတ်နိုးပြီး
စိတ်အာဟာရကို ဖြည့်စွက်စားပါ ။

ရောင့်ရဲခြင်းကို လေ့ကျင့်ပြီး
ဘ၀ရဲ့ပြည့်စုံမှုကို အရယူကြည့်ပါ ။

လေးလံစရာတွေကိုကျောခိုင်းပြီး
စွန့်လွှတ်မှုကို ကျင့်သုံးပါ ။

မပြီးနိုင်တာတွေကို လျှော့ချပြီး
ပစ္စုပ္ပန်မှာ ကောင်းမွန်အောင်နေပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏