မင်္ဂလာရှိသော မနက်ခင်းလေးပါရှင်

အဆင်ပြေခြင်း မပြေခြင်းတွေကြားမှာ
နေတတ်ခြင်းဟာ ကိုယ့်တန်ဖိုးပါ ။

ဘ၀မှာ ရှိပြီးတော့လည်း
မနေတတ်တဲ့သူတွေ ရှိနေကြသလို

မရှိတဲ့အတွက်ကြောင့်
မနေတတ်တဲ့သူတွေလည်းအများကြီးပါပဲ ။

ရှိခြင်းမရှိခြင်းက အဓိကမဟုတ်ပါဘူး
စိတ်ချမ်းသာမှုကသာ အနှစ်သာရပါ ။

တရားနဲ့ဘောင်ကွက်ထားတဲ့စိတ်ဟာ
အမြဲတမ်းတည်ငြိမ်းအေးချမ်းပါတယ် ။

လောဘဖြစ်စရာအာရုံကြုံလာရင်
တုန်လှုပ်မယ် ဒေါသဖြစ်စရာကြုံလာရင်
မကျေနပ်လိုက်မယ်ဆိုရင်တော့
ဘ၀ရဲ့ နေထိုင်မှုက သာမန်လေးပါပဲ ။

သာမန် ဘ၀သမားတွေဟာ
ကာမဂုဏ်တွေနဲ့ သူတစ်ပြန်ကိုယ်တစ်လှည့်
လိုက်ရင်းပြေးရင်း အချိန်ကုန်သွားပါတယ် ။

အဆင့်တန်းမြင့်တဲ့ဘ၀ကိုရချင်ရင်
ဘယ်လိုအနေထားတွေနဲ့ပဲ ကြုံကြုံ
ကျေနပ်အောင် နေတတ်ဖို့လိုပါတယ် ။

စိတ်ချမ်းသာမှုလောက်
ဘယ်အရာမှ အရေးသိပ်မပါတော့
လွတ်ချပြီး အဆင်ပြေစွာနေလိုက်ပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏