ပုလဲမြို့နယ်၊ ကျားတက်ကျေးရွာရှိ PDF အကြမ်းဖက်အဖွဲ့များအားလုံခြုံရေးအဖွဲ့ဝင်များမှချေမှုန်း

၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်အတွင်း နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များသည် နယ်မြေရှင်းလင်းရေးများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အုပ်စုဖြင့်ကြေညာထားသော CRPH၊NUG နှင့်ယင်းတို၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၊ ယင်းတို၏ဆက်နွယ်နေသော အဖွဲအစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားရန်နှင့်ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် နိုင်ငံဝန်ထမ်းများ အပါအဝင် အပြစ်မဲ့ပြည်သူများအား အဓိက ပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူနှင့်ဆိုင်သော နေရာများအား ဖောက်ခွဲဖျက်ဆီးခြင်း အများပြည်သူပိုင်ပစ္စည်းများအား ဓားပြတိုက်လုယက်ခြင်းစသည့် အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်နေသော PDF အမည်ခံအကြမ်းဖက်အဖွဲများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ကျားတက်ကျေးရွာအနီး ရောက်ရှိအခြေပြုနေကြောင်း နယ်မြေခံပြည်သူများ၏ သတင်းပေးချက်အရ လုံခြုံရေးအဖွဲ့ဝင်များမှ သွားရောက်ရှင်းလင်းခဲ့ရာ –

လုံခြုံရေးအဖွဲဝင်များမှ ထိခိုက်မှုမရှိဘဲ PDF အမည်ခံအကြမ်းဖက်အဖွဲများထံမှ ဖော်ပြပါအတိုင်း အလောင်း၊လက်နက်၊ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။

-အရပ်ဝတ်ကျားအလောင်း ၇ လောင်း။
-အမ်-၂၂ သေနတ် ၁ လက်။
-ကျည်အိမ် ၁ ခု။
-လက်လုပ်သေနတ် ၁ လက်။
-လက်လုပ်စိန်ပြောင်း ၁၅ လက်။
-လက်လုပ်စိန်ပြောင်းဗုံးသီး ၆၇ လုံး။
-ယမ်းမဲ ၃ ပိဿာခန့် ၁ ထုပ်။
-၁၂ ဗိုဘတ္တရီ ၆ လုံး။
-Light Truck ကားအမျိုးအစား ၂ စီး။
-Boxy ကားအမျိုးအစား ၁ စီး။
တို့အား သိမ်းဆည်းရမိခဲ့ကြောင်းသိရှိရပါသည်။