ဖေဖော်ဝါရီ ၁၇ ရက်နေ့ တိုက်ပွဲသတင်းများ

မဘိမ်း
ကချင်ပြည်နယ်၊ မဘိမ်းမြိုနယ် စီခမ်းကြီးစခန်းသို KIA နှင့် PDF ပူးပေါင်းအင်အား ၁၀၀ ဦးခန့်က နံနက် ၆ နာရီခွဲခန့်၊ နေ့လည် ၁ နာရီခန့်၊ ည ၁၀ နာရီခန့်တိုတွင် ဒရုန်းများဖြင့် Drop Bomb ချခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့။ ထိုနောက် လုံခြုံရေးတပ်ဖွဲများက စခန်းဝန်းကျင်တစ်ဝိုက် ရှင်းလင်းရာ –

ရန်သူ့ အလောင်း ၃ လောင်း၊ လက်နက် ၄ လက်၊ ကျည်အိမ် ၁၁ ခု၊ ကျည် ၅၀ တောင့် သိမ်းဆည်းရမိခဲ့။

လွိင်ကော်
ကယားပြည်နယ်၊ လွိင်ကော်မြို ၊ တိုက် ၆ လုံးနှင့် နယ်မြေခံဌာနချုပ်သို KNPP/KNDF နှင့် PDF ပူးပေါင်း ၆၀ ဦးခန့်က လက်နက်ကြီးဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။

ရန်သူထိခိုက်မှု စုံစမ်းဆဲ၊ မိမိထိခိုက်မှုမရှိ။

ထားဝယ်၊ သင်္ကန်းတုံးရွာ
တနင်္သာရီတိုင်း၊ ထားဝယ်မြိုနယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် သင်္ကန်းတုံးရွာအနီးရှိ လူနေထိုင်ခြင်းမရှိသည့် အဆောက်အဦအတွင်းမှ လက်လုပ်စိန်ပြောင်း ၂ လက်၊ လက်လုပ်မိုင်း ၂ လုံး၊ လက်လုပ် ၄၀ မမဗုံးသီး ၈ လုံး၊ လက်လုပ် Drop Bomb ၁၀ လုံး၊ ဝါယာကြိုးခွေ ၁ ခွေတိုအား တွေ့ရှိခဲ့ပြီး အနီးတစ်ဝိုက်အား ဆက်လက်ရှင်းလင်စဉ် အကြမ်းဖက် ၁၅ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့။

မိမိထိခိုက်မှုမရှိ။ ရန်သူထိခိုက်မှုစုံစမ်းဆဲ။

ရသေ့တောင်
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို နယ်မြေခံဌာနချုပ်အနီးသို နေရာ ၃ နေရာမှ AA သောင်းကျန်းသူ အင်အား ၁၇၀ ဦးခန့်က လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့။

ရန်သူထိခိုက်မှုစုံစမ်းဆဲ၊ မိမိထိခိုက်မှုမရှိ။

မင်းပြား
ရခိုင်ပြည်နယ်၊ မင်းပြားမြိုနယ်၊ ကမ်းနီကျေးရွာရှိ နယ်မြေခံကျောင်းဌာနချုပ်အနီး မိုင်းကွဲသံကြား ရသဖြင့် သွားရောက်ရှင်းလင်းခဲ့ရာ AA သောင်းကျန်းသူအင်အား (စိစစ်ဆဲ) အဖွဲက လက်နက် ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။

ဖြစ်စဉ်အတွင်းမှ လက်နက် ၃ လက်၊ ကျည်အိမ် ၃ ခု၊ ကျည် ၁၅၅ တောင့် သိမ်းဆည်းရမိခဲ့။

#Crd