PDF များထောင်ထားသည့် လက်လုပ်မိုင်းအား အရပ်သားပြည်သူများ နင်းမိ

ကန့်ဘလူမြို့နယ်၊ပြည်သူ့ဆေးရုံ၌ မိုင်းစထိမှန်ဒဏ်ရာရသူများ ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် လုံခြုံရေးအဖွဲမှ သွားရောက်စစ်ဆေးခဲ့ရာ နတ်ပေးကျေးရွာ၊ ကန့်ဘလူမြို့နယ်နေသူများဖြစ်သည့် ဒေါ်သန်းဝင်း(၆၁)နှစ်၊ ဦးအောင်မြတ်ခိုင်(၅၇)နှစ်နှင့် ဦးထွန်းဝင်း(၅၇) နှစ်တို့တွင် မိုင်းစဖောက်ဝင်ဒဏ်ရာတို့ဖြင့် တွေ့ရှိခဲ့ရပြီး၊ ၎င်းတို့ ၃ ဦးအား စစ်ဆေးမေးမြန်းရာ နံနက် ၆ နာရီခန့်တွင် နတ်ပေးကျေးရွာ၏ အရှေ့တောင်ဘက် ၂ ဖာလုံ ရှိ သရက်ခြံသို့ ပေါင်းရှင်းရန်သွားရောက်စဉ် သရက်ခြံအနီးအရောက်တွင် ဦးအောင်မြတ်ခိုင်ဆိုသူမှ ကြိုးတစ်ချောင်းအား ဝင်ရောက်တိုက်မိရာ လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲပြီး မိုင်းစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။