ဘောလွန်းဒီအောဆုကို အသက်အငယ်ဆုံးဖြင့်ရရှိသူ

ခရစ္စတီယာနို ရော်နယ်ဒိုဟာ ဘောလွန်းဒီအောဆုကို သူ့အသက် ၂၃ နှစ်အရွယ်မှာ စတင်ရရှိခဲ့ပါတယ်။ မက်ဆီကတော့ သူ့ရဲ့အသက် ၂၂ အရွယ်မှာ အဆိုပါဆုကို စတင်ရရှိခဲ့တာပါ။

ရော်နယ်ဒို ( R9 ) ကတော့ သူ့အသက် ၂၀ အရွယ်မှာကတည်းက ဘောလွန်းဒီအောဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဘောလွန်းဒီအောရဲ့ သမိုင်းတလျှောက်မှာ အသက်အငယ်ဆုံး ဆုရရှိသူအဖြစ် ယနေ့တိုင်မှတ်တမ်းဝင်နေဆဲပါ။