မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၏ ဘုရားပွဲတော်ကို ဖေဖော်ဝါရီ ၁၉ ရက်မှစတင်ကာ(၁၅) ရက်တိုင်တိုင် ကျင်းပမည်

ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့ ရှိ
ပြည်တွင်းခရီးသွားများ သွားရောက်လည်ပတ်လေ့ရှိသည့်

ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကို

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်မှ စတင်ကာ ၁၅ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ

ကျင်းပ ပြုလုပ်မည်ဖြစ် ကြောင်း သိရှိရပါတယ်။

မော်တင်စွန်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော် တိုးချဲ့ခြင်းလုပ်ငန်းများကို

ပွဲတော်ရက်မတိုင်ခင် ပြီးစီးရန် ပြုလုပ်နေပြီးသဲဖြူနှင့်မဟာမြိုင်တောရ ဆရာတော်ကြီးမှ

ဦးဆောင်ပြီး ဆောင်ရွက် လျက်ရှိကြောင်း သိရှိရပါတယ်ရှင်