ပေါက်မြို့နယ်၊ ယာကြီးပြင်ကျေးရွာမှ အပြစ်မဲ့ပြည်သူ ၂ ဦးအား PDF အကြမ်းဖက်သမားများမှ မိုင်းဆွဲတိုက်ခိုက်

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက် မနက် ၁၁ နာရီခန့်တွင် ပေါက်မြို့နယ် ယာကြီးပြင်ကျေးရွာတွင် မိသားစုများနှင်အတူနေထိုင်လျက်ရှိပြီး အေးချမ်းစွာလုပ်ကိုင် ဆောင်ရွက်လျက်ရှိသော အပြစ်မဲ့ပြည်သူ ၂ ဦးသည် အလုပ် လုပ်ကိုင်ဆောင်ရွက်ရန်အတွက် ၎င်း၏ ပဲစင်းငုံစိုက်ခင်းသို့ တောလမ်းအတိုင်း ထွက်လာစဉ် PDF အကြမ်းဖက်သမားများသည် ကောက်ကျစ်ယုတ်မာစွာဖြင့် ရည်ရွယ်ချက်ရှိရှိ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရပါတယ်။
PDF အကြမ်းဖက်သမားများ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၂ ဦးတို့မှာ မိုင်းစထိမှန်ဒဏ်ရာများစွာရရှိခဲ့ကြာင်း သိရှိရပြီး ဒေသခံပြည်သူများက မိုင်းထိဒဏ်ရာများစွာ ရရှိခဲ့သူ ၂ ဦးအား ပေါက်မြို့နယ် ပြည်သူ့ဆေးရုံသို လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါတယ်။
PDF အကြမ်းဖက်သမားများ၏ ရက်စက်ယုတ်မာမှုများဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာခဲ့ပြီး အပြစ်မဲ့ပြည်သူများအပေါ်တွင် အကြောင်းမရှိအကြောင်းရှာကာ လိုက်လံသတ်ဖြတ်နေသောကြောင့် အများပြည်သူများအနေဖြင့် လိုလားမှုမရှိတော့ဘဲ မုန်းတီးလျက်ရှိကြောင်း သိရှိရပါတယ်ရှင်။