ပုလောမြို့နယ်တွင် မိုင်းဆွဲတိုက်ခိုက်မှုကြောင့် တပ်မတော်သား ၁၃ ဦး သေဆုံးတဲ့ သတင်းတု

မတ်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ပုလောမြို့နယ် မင်းထိန်ရွာ နှင့် ပဝတ်ဖျားရွာ အကြား ခြေလျင်တက်လာသည့် အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းကို မိုင်း ၅ လုံး၊ တိုက်မိုင်း ၁ လုံးတိုဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပထမ အကြိမ် ထိတွေ့တိုက်ပွဲသည် နံနက် ၁၀ နာရီ ၃၀ မိနစ်မှ စတင်ကာ ၂၅ မိနစ်ကြာဖြစ်ပွားခဲ့ကြောင်း၊ ဒုတိယတိုက်ပွဲသည် မိနစ် ၂၀ ကြာ ထပ်မံဖြစ်ပွားခဲ့ပြီး ထိတွေ့တိုက်ပွဲနှင့် မိုင်းဆွဲတိုက်ခိုက်မှုများအတွင်း စစ်သား ၁၃ ဦး သေဆုံးခဲ့ကြောင်း Khit Thit က လူမှုကွန်ရက်ပေါ်တွင် ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။
သတင်းအား စိစစ်ရာတွင် >>> မတ်လ ၂၁ ရက်နေ့ တနင်္သာရီတိုင်း၊ ပုလောမြို့နယ် မင်းထိန်ရွာ နှင့် ပဝတ်ဖျားရွာ အကြားတွင် တပ်မတော်တပ်ဖွဲ့ဝင်များအား PDF များမှ ချောင်းမြောင်းကာ မိုင်းဆွဲတိုက်ခိုက်ခဲ့သော်လည်း စစ်သားများ ထိခိုက်မှုမရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။ Khit Thit မှ အမှန်အရေးဘဲ တပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးတယ်ဆိုပြီး လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။
False-News
FACT-CHECK
https://t.me/factcheckmm