ကန့်ဘလူမြို့နယ်မှာ ကင်းပုန်းဝပ်နေတဲ့ တပ်မတော်တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးတဲ့ သတင်းအတု

မြေလတ်အသံ – Myaelatt Athan Page မှ မတ်လ ၂၁ ရက်နေ့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ညောင်ကိုင်းရွာကနေ မိုင်းရှင်းဖိုထွက်လာတဲ့ စစ်သားနဲ့ပျူတွေ ဂျိုးမြေဇင်း (မင်းကောင်မြောင်း) တံတားဖြူနားမှာ ပဒေသာမိုင်း ၃ လုံးနဲ့ တိုက်ခိုက်လိုက်တာ၊ နေရာတင် တပ်မတော်သား ၁ဦး၊ ပျူ ၂ ဦးသေတယ်” လို့ ရေးသားထားတာကို လူမှုကွန်ရက်ပေါ်တွင် တွေ့ရှိခဲ့ရပါတယ်။
ဒီသတင်းအား စိစစ်ရာတွင် >>> မတ်လ ၂၁ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ညောင်ကိုင်းရွာ ဂျိုးမြေဇင်း (မင်းကောင်မြောင်း) တံတားဖြူနားတွင် မိုင်းပေါက်ကွဲခဲ့ခြင်း မရှိသလို တပ်မတော်တပ်ဖွဲ့ဝင်များလည်း သေဆုံးခဲ့ခြင်းမရှိကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။ ဖြစ်စဉ်မရှိဘဲ မြေလတ်အသံ – Myaelatt Athan Page မှ သတင်းဖန်တီးကာ တပ်ဖွဲ့ဝင် ၃ ဦးသေတယ်လို မဟုတ်မမှန်ရေးသားထားခြင်းဖြစ်ပါသည်။
Fake-News
FACT CHECK
https://t.me/factcheckmm