တောင်ငူ-သာယာကုန်း ဓာတ်အားလိုင်း တိုင်၃တိုင်အား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲ

ဇန်နဝါရီလ ၄ ရက် ၀၃၀၀ ချိန်ခန့်တွင် ကျောက်တံခါးမြို့နယ် သမင်အင်းကုန်းကျေးရွာအုပ်စု၊ ဇီးကုန်းကျေးရွာ၏ တောင်ဘက် ကိုက်(၃၀၀)ခန့်အကွာရှိ ၂၃၀ ကေဗွီ တောင်ငူ-သာယာကုန်း ဓာတ်အားလိုင်း တိုင်အမှတ် (၂၅ဝ ၊၂၅၁နှင့် ၂၅၂) တိုင်(၃)တိုင်တို့အား အကြမ်းဖက်အုပ်စုအဖွဲမှ မိုင်းထောင်ဖောက် ခွဲသွားကြောင်းသိရပါတယ်။