သရုပ်ဆောင်သင်ဇာဝင့်ကျော်နဲ့မော်ဒယ်လ် နန်းမွေစံလွတ်ငြိမ်းချမ်းသာဖြင့် လွတ်မြောက်

အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃-က နဲ့ ထောင်ဒဏ်များချမှတ်ခံထားရသောသရုပ်ဆောင်သင်ဇာဝင့်ကျော်နဲ့မော်ဒယ်လ် နန်းမွေစံတို့ကို ယနေ့ ဇန်နဝါရီ (၄) ရက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်လွှတ်ပေးလိုက်ကြောင်းသိရှိရပါတယ်။
သရုပ်ဆောင်သင်ဇာဝင့်ကျော်နဲ့မော်ဒယ်လ် နန်းမွေစံတို့ကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် အီလက်ထရွန်နစ်ဥပဒေနှင့် တရားစွဲဆိုခဲ့ပြီးထောင်ဒဏ်များချမှတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အား စွဲဆိုခဲ့သည့် ဥပဒေ ပုဒ်မ – ၃၃ သည် ပြစ်မှုထင်ရှားစီရင်ခံရပါက အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် (၇)နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မလည်း ဖြစ်ကြောင်းသိရပါတယ်။