သနားစရာ အသုံးချခံ PDF လေးများရဲ့ ဖြစ်ရပ်မှန်

၂၀၂၁ နိုင်ငံရေးအပြောင်းအလဲနောက်ပိုင်း ဖြစ်ပေါ်နေတဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ ဖြစ်စဥ်များကို လေ့လာကြည့်လိုက်ရင် ဒီအချက်တွေကို ထင်ရှားစွာတွေ့ရှိရမှာ ဖြစ်ပါတယ်…

♦️နှစ်ပေါင်း ၇၀ ကျော် မအောင်မြင်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခ အရှိန်အဟုန်မြှင့်တက်လာခြင်းဟာ PDF လူငယ်လေးတွေကြောင့်ဖြစ်ပါတယ်။

♦️EAOs တွေရဲ့ နယ်မြေချဲ့ထွင်ရေးတိုက်ပွဲများမှာ ရှေ့ဆုံးက အသေခံတိုက်ပွဲဝင်နေ ရတဲ့ PDF လူငယ်လေးများအတွက် ရင်ထုမနာဖြစ်ရပါတယ်။

♦️EAOs တွေဟာ တိုက်ပွဲတွေမှာ ဆရာကြီးအထာနဲ့ နောက်ကွယ်က စီမံကွပ်ကဲပြီး ရှုးနိမ့်တဲ့ တိုက်ပွဲတွေအတွက် သတ္တိမရှိတဲ့ ဗမာ PDF တွေကြောင့်လို အပြစ်ပုံချလေ့ ရှိပါတယ်။

♦️အခြေခံနယ်မြေချဲ့ထွင်ပြီး နယ်မြေသိမ်းပိုက်ရရှိချိန်မှာ EAOs အလံလွှင့် အောင်ပွဲ ခံပြီး အသေခံတိုက်ခဲ့တဲ့ PDF တွေကို မောင်းထုတ်ခံနေရတာလဲ မကြည့်ရက်စရာ ဖြစ်ပါတယ်။

♦️NUG နဲ့ ပြည်ပြေးများက ပြည်ပမှာ စားကောင်းသောက်ကောင်းနဲ့ ဘဝရပ်တည် ချက်ခိုင်မာဖို အလှူခံရရှိရေး တောထဲက PDF လေးတွေရဲ့ ဒုက္ခဝေဒနာတွေကို အကြောင်းပြ ပြီး မျောက်ပြဆန်တောင်း လုပ်နေကြပါတယ်။

♦️စိတ်ကြွမူးယစ်ဆေးစွဲပြီး ဘဝပျက်နေကြတဲ့ PDF လေးများအတွက် မိဘများရဲ့ စိုးရိမ်ပူပန်မှုမြင့်တက်လာနေခြင်းများဟာ လက်တွေ့မြေပြင်မှာဖြစ်ပေါ်နေတဲ့ ပကတိအရှိ တရားများဖြစ်ပါတယ်။

# Crd