နိုဝင်ဘာ ၁၂ ရက်နေ့မှုခင်းသတင်းများ

-နိုဝင်ဘာ ၁၁ ရက် ၀၇၃၀ နာရီတွင် ကျွန်းလှမြို့၊ သူဌေးကုန်းရပ်နေ ဒေါ်စန်းစန်းမြင့်(၄၀)နှစ်သည် သစ်ရာမြိုင်ရပ်ကွက်ရှိ သစ်ရာမြိုင်စျေး၌ ဈေးရောင်းနေစဉ် အကြမ်းဖက်သူ ၅ ဦးမှ မော်တော်ယာဉ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဒေါ်စန်းစန်းမြင့်တွင် ယာလက်ဖျံ၊ ဦးခေါင်း၊ ယာမျက်လုံး ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်းသိရှိရ။

-နိုဝင်ဘာ ၁၁ ရက် ၀၈၃၀ နာရီတွင် ကျိုက်ထိုမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာနေ ဝေလင်းထွန်း(၁၈)နှစ်၊ ရာဘာအစေးခြစ် လုပ်သားသည် ရာဘာအစေးခြစ်ရန် အကျဉ်းဦးစီးဌာနပိုင် ရွှေဖြူရာဘာစိုက်ပျိုးရေးစခန်း ရာဘာခြံ အကွက် အမှတ်(၁၀၂)သို့ သွားရောက်ရန် တောလမ်းအတိုင်း ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် ရာဘာခြံအနီး ခမ(KV-၈၀၉၂၆၉)အရောက်၌ အကြမ်းဖက် KNU များထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့ရာ ပေါက်ကွဲမှုကြောင့် ဝေလင်းထွန်းတွင် ယာခြေဖဝါး ကျေးမွ၊ ဝဲခြေသလုံး ပေါက်ပြဲ၊ ဝဲလက်ဖဝါးပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်းသိရှိရ။