မြောက်ဦးမြို့နယ်တွင် ကင်းလှည့်နေသည့် လုံခြုံရေးအဖွဲဝင်ကားတစ်စီးကို AA အဖွဲ့ဝင်များက ပစ်ခတ်

မြောက်ဦးမြိုနယ်အတွင်း ကင်းလှည့်နေသည့် လုံခြုံရေးအဖွဲဝင်ကားတစ်စီးကို ယနေ့ နံနက်ပိုင်းတွင် ၈ နာရီခန့်တွင် အရပ်ဝတ် ဝတ်ထားသည့် AA အဖွဲဝင်များက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် လုံခြုံရေးအဖွဲဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ AA အဖွဲဝင်တစ်ဦး ကျည်ထိမှန်သေဆုံးပြီး အလောင်းဆွဲပြေးသွားသည်ဟု သိရသည်။

“စကစကားကို ဈေးဆိုင်ထဲမှာရှိတဲ့ AA အဖွဲဝင် ၈ ယောက်က လှမ်းပစ်လို ပြန်ပစ်တာ၊ AA တွေက အရပ်ဝတ်နဲ့ တစ်ယောက်ထိပြီး ဆွဲပြေးသွားရတာတွေ့တယ်၊ စကစအဖွဲက ကားကိုပဲထိတယ် လူမထိဘူး” ဆိုပြီး ဒေသခံတစ်ဦးက သတင်းပေးပိုလာသည်။

၎င်းသတင်းကို Western News သတင်းမှ စစ်ကောင်စီတပ်မှ အကြောင်းမဲ့ပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးဟု လိမ်လည်ရေးသားထားသည်ကို တွေ့ရပြီး AA အဖွဲအနေဖြင့် နှစ်ဖက်အပစ်ရပ် ကတိကဝတ်များကို ချိုးဖောက်ကာ ရခိုင်ပြည်နယ်အတွင်း ယနေ့နံနက်ပိုင်းမှစ၍ တိုက်ပွဲများဖော်ဆောင်လာသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။