နိုင်ငံတော်မှထုတ်ပြန်ထားသော ဒေသစရိတ်ခံစားခွင့်ရှိသည့် သွားလာရေးနှင့် လူမှုရေးခက်ခဲသောဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၆)ခုတို့မှ  ၂၀၂၂-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဆေးတက္ကသိုလ်ဝင်ခွင့်လျှောက်လွှာခေါ်ယူ

၂၀၂၂ ပညာသင်နှစ် ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊

ဆေးတက္ကသိုလ်များအတွက်  နိုင်ငံတော်မှထုတ်ပြန်ထားသော ဒေသစရိတ်ခံစားခွင့်ရှိသည့် သွားလာရေးနှင့်

လူမှုရေးခက်ခဲသောဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၆)ခု(နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ဝ)တို့မှ

၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး အခြေခံပညာသင်တန်း(၈-တန်း၊ ၉-တန်း၊ ၁၀-တန်း) များကို

၎င်းဒေသများတွင်  ဆက်တိုက်ပညာသင်ကြားခဲ့သော   ကျောင်းသား၊ ကျောင်းသူများအား ဆေးတက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ

ခေါ်ယူထားကြောင်း၊ သတ်မှတ်အရည်အချင်းနှင့်ပြည့်စုံပြီး (၆)ဘာသာ စုစုပေါင်းရမှတ်(၄၂၀)နှင့်အထက်ရရှိသူများ လျှောက်ထားနိုင်ကြောင်း  သိရသည်။

လျှောက်လွှာများကို ၂၀၂၂-ခုနှစ်၊ နိုဝင်ဘာ ၂၅  ရက် နောက်ဆုံးထား၍ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနသို့

တိုက်ရိုက်ပေးပို့လျှောက်ထားရမည်ဖြစ်ကြောင်းနှင့် အသေးစိတ်အချက်အလက်များကို  ကျန်းမာရေး ဝန်ကြီးဌာန

Facebook Page နှင့် www.moh.gov.mmနှင့်  ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန Website www.hrh.gov.mm တွင်

ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း  သိရှိရပါတယ်ရှင်။