တောင်ငူ-နေပြည်တော် ရထားလမ်းပိုင်းအား မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရန် အဆင့်မြှင့်တင်နေ

တောင်ငူ-နေပြည်တော် ရထားလမ်းပိုင်းအား မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရန် အဆင့်မြှင့်တင်နေကြောင်း ပို့ဆောင် ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

ယမန်နေ့ (ဒီဇင်ဘာ ၂ ရက်) တွင်လည်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင် သည် အဆိုပါတောင်ငူ-နေပြည်တော် ရထားလမ်းပိုင်း မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး အဆင့်မြှင့်တင်ပြုပြင်နေမှုကို ကြည့်ရှု စစ်ဆေးခဲ့သည်။

ထို့ပြင် အဆိုပါရထားလမ်းပိုင်းရှိ ဘူတာများ၊ ရထားလမ်းတံတားများအပြင် တောင်ငူဘူတာနှင့် ပျဉ်းမနားဘူတာ တို့ရှိ ဝန်ထမ်းနေအိမ်လိုင်းခန်းများနှင့် ဒီဇယ်စက်ခေါင်းပြင်စက်ရုံ (ပျဉ်းမနား) တို့ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။

တောင်ငူ-နေပြည်တော် ရထားလမ်းပိုင်း၌ မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး အဆင့်မြှင့်တင်ပြုပြင်နေမှုနှင့်ပတ်သက်၍ ဒုတိယဝန်ကြီးက ရထားလမ်းကောင်းမွန်စေရေး ပြုပြင်ထိန်းသိမ်းရသည့်လုပ်ငန်းများ ဆောင်ရွက်ရန်၊ ဘူတာများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး အလေးထားဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့သည်။

အလားတူ ဒီဇယ်စက်ခေါင်းပြင်စက်ရုံ(ပျဉ်းမနား)သို့ သွားရောက်၍ စက်ခေါင်းများပြုပြင်ရာတွင် သတ်မှတ်ထား သည့် Schedule အတိုင်း စနစ်တကျပြုပြင်ရန် အပါအဝင် Spare Parts များ လုံလောက်မှုရှိစေရေး၊ စက်ရုံရှိ စက်ကိရိယာပစ္စည်းများ ရေရှည်ကြံ့ခိုင်စေရေး နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို ဆောင်ရွက်ရန် ဆွေးနွေး မှာကြားခဲ့သည်။

ရထားများ ယခုထက် အမြန်နှုန်းတိုးမြှင့်ပြေးဆွဲရန်အတွက် ရထားလမ်းများ အားလုံးကို ကီလိုမီတာ(၁ဝဝ) အမြန်နှုန်းအထိ မောင်းနှင်နိုင်ရေးကို မူလရည်မှန်းချက်အဖြစ် ဆောင်ရွက်ရန်လည်း နစကဥက္ကဋ္ဌက တိုက်တွန်း ပြောကြားဖူးသည်။

လက်ရှိတွင် မြန်မာနိုင်ငံရှိ ရထားများအနေဖြင့် တစ်နာရီလျှင် ကီလိုမီတာ(၆ဝ)နှုန်းဖြင့်သာ မောင်းနှင်နေကြောင်း သိရပြီး လစဥ်မိုင်နှုန်း ပြောင်းလဲမှုများရှိကြောင်း သိရသည်။