မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်နေမှုများအား ပင့်ဖိတ်ထားသောဆရာတော်ကြီးများ ဖူးမြော်ကြည်ညို

  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဗုဒ္ဓဥယျာဉ်တော် အတွင်း မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်နေမှုအခြေအနေ များအား နိုင်ငံတော်ဩဝါဒစရိယဆရာတော်ကြီးများဖြစ်ကြသည့် ဘဒ္ဒန္တ သုဇနပိယ၊ ဘဒ္ဒန္တသာဂရဘိဝိံသ တို့ဦးဆောင်သော မန္တလေးတိုင်းဒေသကြီးမှ ပင့်ဖိတ်ထား သည့် ဆရာတော်၊ သံဃာတော် စုစုပေါင်း (၁၅၅) ပါးတို့က ယနေ့နံနက်ပိုင်းတွင် လာရောက်လေ့လာဖူးမြော်ကြည်ညိုခဲ့ကြတယ်လို့သိရပါတယ်။