တာချီလိတ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်း

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့ တွင် အောက်တိုဘာ (၃၀) ရက် ညပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းကာ မယ်ဆိုင်ချောင်းရေမြင့်တက်မှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်ရှိ နေအိမ်များအတွင်းနှင့် လမ်းများပေါ်ရေဝင်ရေကျော်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့ ရှိ မြေနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ပုန်းထွန်၊တာလော့၊ မကာဟိုခမ်း၊ ဝမ်ကောင်း၊ ဆန်ဆိုင်း(က)၊ ဆန်ဆိုင်း(ခ)ရပ်ကွက်များရှိ နေအိမ်များအတွင်း ရေဝင်ရောက်မှုနှင့် ဗိုလ်ချုပ်လမ်းမကြီးတလျှောက်တွင် ရေကျော်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။